ဓနုဖြူမြို့နယ်တွင် အပတ်စဉ်ဗုဒ္ဓဟူးနေ့နှင့် တနင်္ဂနွေနေ့တိုင်း ပလတ်စတစ်အိတ် မသုံးစွဲရနေ့အဖြစ် သတ်မှတ်ထားမှုအား လိုက်နာဆောင်ရွက်မှုရှိစေရေး စစ်ဆေးဆောင်ရွက်

ဓနုဖြူ မေ ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် စည်ပင်သာယာရေးကော်မတီမှ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို အထောက်အကူပြုစေရန် ပြည်သူများ ပလတ်စတစ်အိတ် သုံးစွဲမှု လျော့နည်းစေရေးအတွက် အပတ်စဥ် ဗုဒ္ဓဟူးနေ့နှင့် တနင်္ဂနွေ နေ့တိုင်း ပလတ်စတစ်အိတ် မသုံးစွဲရနေ့အဖြစ် သတ်မှတ်ထားရှိမှုအား လိုက်နာဆောင်ရွက်မှုရှိစေရေး ကြီးကြပ်စစ် ဆေးခြင်းကို ယနေ့ နံနက်()နာရီအချိန်က မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေးအတွင်း၌ ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေးအတွင်း စျေးရောင်းချသူများအနေဖြင့် အပတ်စဉ် ဗုဒ္ဓဟူးနေ့ နှင့် တနင်္ဂနွေနေ့တိုင်း သတ်မှတ်စည်းကမ်းများနှင့်အညီ ကြွပ်ကြွပ်အိတ်၊ ပလတ်စတစ်အိတ်များအစား အင်ဖက်၊ ငှက်ပျောဖက်၊ စက္ကူနှင့် အခြားသင့်လျော်ရာ အစားထိုးပစ္စည်းများဖြင့် ထုတ်ပိုးသုံးစွဲစေရေးအတွက် ပြည်သူများအား ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင် စေရေး အသိပေးဆိုင်းဘုတ်များ စိုက်ထူခြင်း၊ လက်ကိုင်စပီကာ များဖြင့် ပြည်သူများပါဝင်ဆောင်ရွက်ပေးနိုင်ရေး လိုက်လံ အသိပေးနှိုးဆော်လျက်ရှိကြောင်းနှင့် လိုက်နာဆောင်ရွက်မှုရှိစေရေး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် စည်ပင် သာယာရေးဝန်ထမ်းများ၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ဈေးကော်မတီဝင်များမှ လိုက်လံ ကြီးကြပ်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)