ရေကြည်မြို့နယ်တွင် (၂၀၂၃) ခုနှစ် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကျင်းပ

ရေကြည် မေ ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ် ငါးသိုင်းချောင်းမြို့ မိဿလင်ကျေးရွာ အုပ်စု (၃၄၄) အမြှောက်တပ်ရင်း ပိုင်မြေအတွင်း၌ ယနေ့ နံနက် (၉)နာရီအချိန်က မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရ သည်။

အဆိုပါ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲအခမ်းအနားသို့ ကျုံပျော်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်နိုင်ဦး၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းချစ်အေးနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ (၃၄၄)အမြှောက်တပ်ရင်းမှူးနှင့်တပ်ရင်း/တပ်ဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြပြီး မြို့နယ်သစ်တောဦးစီးဌာနမှူးက စိုက်ပျိုးမည့်အပင်များအား ပေးအပ်ရာ ဌာနဆိုင်ရာများက လက်ခံခဲ့ကြပြီး သတ်မှတ်နေရာအသီးတို့၌ ကျွန်းပျိုးပင် (၁၀၀)ပင်၊ မန်ဂျန်ရှား ပျိုးပင်(၉၀၀)ပင် စုစုပေါင်းပျိုးပင်(၁၀၀၀)တို့ကို စနစ်တကျ စုပေါင်း စိုက်ပျိုးပေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)