လိပ်သို မေ ၂၄
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၃ -၂၀၂၄ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးငယ်များအားလုံး ပညာ သင်ခွင့်ရရှိရေးအတွက် မေလ (၂၃) ရက်နေ့မှစပြီး ကျောင်းအပ်နှံလက်ခံဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၉ နာရီ အချိန်တွင် ကျောင်းအပ်နှံခြင်းလုပ်ငန်းများ အပ်နှံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကျောင်းအပ်နှံလက်ခံခြင်းကို အသက်(၅)နှစ်အရွယ်ကလေးများ KG မှ စတင်၍ ကျောင်းလက်ခံအပ်နှံဆောင်ရွက်ပေးပြီး ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ် ခဲတံများကို ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း၊ ကျောင်းအပ်လက်ခံခြင်းကို မေလ (၂၃) ရက်နေ့မှ (၃၁) ရက်နေ့အထိ ကျောင်းအပ်နှံလက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ဇွန်လ (၁) ရက်နေ့မှ စတင်ကာ ကျောင်းသင်ခန်းစာများ သင် ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းအပ်လက်ခံ ဆောင်ရွက်နေမှုအား မြို့အုပ်ချုပ်ရေးမှူး ဦးစောမြတ်ကျော်နှင့် ကျောင်းအကျိုးတော် ဆောင် များက အားပေးခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခင်လေးနွယ် (လိပ်သို)