ပေါင်းတည် မေ ၂၄
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် အခြေခံပညာ ကျောင်းများတွင် ယမန်နေ့ နံနက်ပိုင်းမှ စတင်၍ ကျောင်းအပ်လက်ခံပေးလျက်ရှိကြောင်း သိရသည်။
ယင်းသို့ ကျောင်းသား၊ကျောင်းသူများ ကျောင်းအပ်နှံနိုင်ရေးအတွက် ကျောင်းနေအရွယ် ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့ ဆောင်ပုဒ်ဖြင့် အမြို့မြိုအနယ်နယ်တွင်ပိုစတာဆိုင်းဘုတ်ထူကာ ကျောင်းအပ်နှံရေး သီတင်းပတ်ကိုပြည်လုံးကျွတ် ကြိုတင်အသိပေးလှုံ့ဆော်ကြော်ငြာထားခဲ့ကြောင်း သိရသည်။
အဆိုပါ ကျောင်းအပ်နှံရေး သီတင်းပတ်ဖြစ်သော ယနေ့မေလ ၂၃ရက် မှ မေလ ၃၁ ရက်အထိ ကျောင်းအပ်နှံရေးဆိုင်ရာ လုပ်ငန်းများကို မြို့နယ်အတွင်းအခြေခံပညာကျောင်းများတွင် ပညာရေးဝန်ထမ်းများကလက်ခံ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သူရကြီး(ပြန်/ ဆက်)