ရေနံချောင်း မေ ၂၄
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် လူမှုဖူလုံရေးရုံးခွဲတွင် ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေနှင့်အညီ အလုပ်တွင်ထိခိုက်သေဆုံးမှုကြောင့် ကျန်ရစ်သူမိသားစုအား ငွေလုံးငွေရင်း အကျိုးခံစားခွင့်ထုတ်ပေးခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက အဆိုပါရုံးတွင် ကျင်းပသည်။
အခမ်းအနားတွင် မကွေးတိုင်းဒေသကြီး လူမှုဖူလုံရေးရုံး တိုင်းဒေသကြီးတာဝန်ခံအရာရှိ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြတ်မြတ်ဦးက ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေအကြောင်းအရာများ၊ လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားခြင်းဖြင့် ရရှိလာမည့်အကျိုးခံစားခွင့်များ၊ ပဲခူးတိုင်းဒေသကြီး ရွှေတောင်မြို့နယ်လူမှုဖူလုံရေးရုံးခွဲတွင် အကျုံးဝင်မှတ်ပုံတင်ထားသော်လည်း ရေနံချောင်းမြို့နယ် လူမှုဖူလုံရေးရုံးခွဲတွင် ထုတ်ပေးရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး ရွှေတောင်မြို့နယ်လူမှုဖူလုံရေးရုံးခွဲတွင် အကျုံးဝင်မှတ်ပုံတင်ထားသည့် ပြည်ရေနံမြေအလုပ်ဌာနမှ အာခမံအလုပ်သမား ဦးဝေယံမင်းသည်အလုပ်တွင် ထိခိုက်သေဆုံးခဲ့သည့်အတွက် ကျန်ရစ်သူမိသားစု ငွေလုံးငွေရင်းအကျိုးခံစားခွင့် ခွင့်ပြုငွေကျပ် ၅၄ သိန်းကိုမိခင်ဖြစ်သူ ဒေါ်တင်တင်ရှိန်ထံသို့ တိုင်းဒေသကြီးတာဝန်ခံအရာရှိ ဒေါ်မြတ်မြတ်ဦးက ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)