ကျောက်တံခါးမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာစာသင်ကျောင်းများတွင် ကျောင်းအပ်နှံရေးလုပ်ငန်းများဆောင်ရွက်

ကျောက်တံခါး   မေ ၂၃

ပဲခူးတိုင်းဒေသကြီး၊ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးတိုင်း ပညာသင်ယူနိုင်ရေးအတွက် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံရေးလုပ်ငန်းများကို ယနေ့နံနက်(၉)နာရီအချိန်မှစတင်၍ အခမဲ့ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

"ကျောင်းနေအရွယ်ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့" ၂၀၂၃-၂၀၂၄ ပညာသင်နှစ်ဆောင်ပုဒ်နှင့်အညီ ကျောင်းအပ်နှံရေးလုပ်ငန်းများကို သက်ဆိုင်ရာကျောင်းအလိုက် ဆောင်ရွက်လျက်ရှိရာ အခကြေးငွေ တစ်စုံတစ်ရာကောက်ခံခြင်းမရှိကြောင်းနှင့် ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များ၊ ဘောပင်၊ ခဲတံ၊ ပထမတန်းကျောင်းသူကျောင်းသားတစ်ဦးလျှင်  ကျောင်းဝတ်စုံ(၁)စုံစသည်တို့ကို နိုင်ငံတော်မှထောက်ပံ့ပေးသွားမည်ဖြစ်သည်။

ကျောက်တံခါးမြို့နယ်တွင် အထက်တန်းအဆင့်(၂၂)ကျောင်း၊ အလယ်တန်းအဆင့်(၁၈၁)ကျောင်း၊ မူလတန်းအဆင့်(၂၇)ကျောင်း စုစုပေါင်း(၂၃၀)ကျောင်းရှိကြောင်းနှင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံခြင်းကို မေ(၂၃) ရက်မှ (၃၁)နေ့ထိ ကျောင်းအပ်လက်ခံသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)