ကလေးဝမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံ

ကလေးဝ မေ ၂၃

စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံခြင်းကို ယနေ့ နံနက် ၈ နာရီက စတင်၍ ကျောင်းအပ်လက်ခံခဲ့သည်။

အဆိုပါ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံခြင်းကို မေလ (၂၃) ရက်နေ့မှ မေ လ (၃၁) ရက်နေ့ထိ ကျောင်းအပ်လက်ခံဆောင်ရွက်သွားမည်ဖြစ်သည်။

၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ကလေးဝမြို့နယ်၌ ကျောင်းအပ်နှံမည့် မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ၇၁၁၆ ဦး၊ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ၂၄၈၈ ဦး၊ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ၇၅၉ ဦး၊ စုစုပေါင်း ၁၀၃၆၃ ဦးရှိကြောင်း မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။

သက်ဟန်(ကလေးဝ)