ငပုတော မေ ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့၌ ကျောင်းပတ်ဝန်းကျင်သာယာလှပရေးနှင့် ရာနှုန်းပြည့် ကျောင်းအပ်နှံနိုင်ရေး အတွက် မြို့နယ်ပညာရေး ကြီးကြပ်မှုကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ညနေပိုင်းက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ မြို့နယ်ပညာရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးကျော်သူနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် မြို့နယ်ပညာရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးကျော်သူက မြို့နယ်ပညာရေးမှူးနှင့် ကျောင်းဆရာ/ဆရာမ များအား မြို့နယ်အတွင်းရှိ ကျောင်းနေအရွယ် ကျောင်းသား/သူများ ရာနှုန်းပြည့်ကျောင်းအပ်နှံနိုင်ရေး၊ ကျောင်းဥပဓိရုပ် ကောင်းမွန်စေရေး၊ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေး၊ ကျောင်းသား/သူများအားလုံး ကျောင်းအပ်နှံနိုင်ရေးအတွက် ကျောင်းကော်မတီဝင်များနှင့် ပူးပေါင်း၍ စည်းရုံးဆောင်ရွက်နိုင်ရေး ကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိသည်။
အောင်သူ (ပြန်/ဆက်)