ရွှေတောင်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများ၌ စတင်ကျောင်းအပ်လက်ခံ

ရွှေတောင် မေ ၂၃

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများ၌ ယနေ့နံနက်ပိုင်းကစတင်၍ အခြေခံပညာမူလတန်း၊ အလယ်တန်းကျောင်းသား / သူများအား ကျောင်းအပ်လက်ခံလျက်ရှိသည်။

ရွှေတောင်မြို့နယ်အတွင်း အခြေခံပညာကျောင်းပေါင်း(၁၇၉) ကျောင်းရှိ ဆရာ၊ ဆရာမများက မိမိတို့သက်ဆိုင်ရာကျောင်းအသီးသီး၌ ကျောင်းသား/ သူများ စိတ်အေးချမ်းသာစွာ ကျောင်းအပ်နှံရေးဆောင်ရွက်ပေးလျက်ရှိပြီး အထက်တန်းအဆင့်ကျောင်းသား၊ ကျောင်းသူများအား (၂၅-၅-၂၀၂၃) ရက်နေ့မှစတင်ကျောင်းအပ်လက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

ကိုကိုမင်း ( ပြန် / ဆက်)