ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် စက်မှုလက်မှုသင်တန်းဖွင့်ပွဲနှင့် မြို့နယ်တရားရုံးဖွင့်ပွဲ တက်ရောက်

လပွတ္တာ မေ ၂၂

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်သည် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ စက်မှုလက်မှုသင်တန်း ကျောင်း(လပွတ္တာ)၌ ဆောက်လုပ်ရေးသင်တန်း အမှတ်စဉ်(၈)၊ လျှပ်စစ်သင်တန်းအမှတ်စဉ်(၁၅)၊ ဂဟေသင်တန်းအမှတ်စဉ်(၁၅)၊ မော်တော်ယာဉ်စက်ပြင် သင်တန်းအမှတ်စဉ်(၁၀)နှင့် လက်ကိုင်ဖုန်း ပြင်သင်တန်းအမှတ်စဉ်(၁၂) သင်တန်းဖွင့်ပွဲကို လပွတ္တာခရိုင်(၃)မိုင်မြို့သစ် စက်မှုလက်မှုပညာ သင်တန်းကျောင်းခန်းမ၌ ယနေ့နံနက်(၉)နာရီ အချိန်က တက်ရောက်ပြီး အဖွင့်အမှာစကားပြောကြားသည်။

ဆက်လက်၍ လပွတ္တာခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင်  လပွတ္တာခရိုင် စိုက်တိုးမြင့်အဖွဲ့များနှင့် တွေ့ဆုံပြီး ၂၀၂၃-၂၀၂၄ ခုနှစ် မိုးစပါး တစ်ဧကလျှင် (၁၀)တင်းနှုန်း ပိုမိုထွက်ရှိမည့် အစီအစဉ်အား ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ရှင်းလင်းပြောကြားရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။

ထို့နောက် လပွတ္တာခရိုင် (၃)မိုင်မြို့သစ်၌ လပွတ္တာမြို့နယ် တရားရုံးအဆောက်အဦသစ်ဖွင့်ပွဲကို  တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က မြို့နယ်တရားရုံးဆိုင်းဘုတ်အား စက်ခလုတ်နှိပ်ဖွင့်လှစ်၍ အမွှေးနံ့သာရေပက်ဖျန်းပေးခဲ့ပြီး အဆောက်အဦအရှေ့၌ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့သည်။

ဆက်လက်၍ Royal Ayeyar ကုမ္ပဏီလီမိတက်၏ မန်နေဂျင်းဒါရိုက်တာက ရုံးအဆောက်အဦသစ် ဆောက်လုပ်ခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ကြည့်ရှုစစ်ဆေးခဲ့ပြီး အဆောက်အဦနှင့် သက်ဆိုင်သော စာရွက်စာတမ်းများကို Royal Ayeyar  ကုမ္ပဏီလီမိတက်၏ မန်နေဂျင်းဒါရိုက်တာက  မြို့နယ်တရားသူကြီးထံ လွှဲပြောင်းပေးအပ်ခဲ့သည်။ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးက လပွတ္တာမြို့နယ် တရားရုံးအဆောက်အဦသစ်ဖွင့်လှစ်ပွဲ အထိမ်းအမှတ် အမှတ်တရလက်ဆောင်များကို ဝန်ကြီးချုပ်အား ပေးအပ်ခဲ့သည့်။ ထို့နောက်မြို့နယ် တရားရုံးအဆောက်အဦသစ်အား ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။

လပွတ္တာ(ပြန်/ဆက်)