ပုသိမ်မြို့တွင် “ပလတ်စတစ်ညစ်ညမ်းမှု တိုက်ဖျက်ဖို့ ပူးပေါင်းဖြေရှင်းဆောင်ရွက်စို့” ခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show ပြုလုပ်

ပုသိမ် မေ ၂၃

ပုသိမ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ “ပလတ်စတစ် ညစ်ညမ်းမှု တိုက်ဖျက်ဖို့ ပူးပေါင်းဖြေရှင်းဆောင်ရွက်စို့” ခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show ကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က ပုသိမ်ခရိုင်ရုံး Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အသိပညာပေး Talk Show တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပုသိမ်ခရိုင် ဦးစီးအရာရှိ ဒေါ်ချိုမာထွန်းက အသိပညာပေး Talk Show ပြုလုပ်ရသည့် ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီး၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သန္တာဦးက ပလတ်စတစ်ဖြစ်ပေါ်လာပုံနှင့် ပလတ်စတစ်သုံးစွဲခြင်းကြောင့် ပတ်ဝန်းကျင် ထိခိုက်မှုများ၊ ပလတ်စတစ် အမျိုးအစားများနှင့် ပြန်လည်အသုံးမပြုသင့်သည့် အမျိုးအစားများ၊ ပလတ် စတစ်ကပေးသော ဆိုးကျိုးများ၊ ပလတ်စတစ်၏ ဆိုးကျိုးသက်ရောက်မှုကြောင့် ဖြစ်ပွားနိုင်သည့် ရောဂါများ၊ ပလတ်စတစ်များ ပင်လယ်၊ သမုဒ္ဒရာ ထဲသို့ ရောက်ရှိခြင်းဖြင့် ရရှိနိုင်သည့် အကျိုးဆက်များ၊ ပလတ်စတစ်လျှော့ချသင့်သည့် နည်းလမ်းများနှင့် ပတ်သက်၍ အကျယ် တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

မြင့်ဟန်