အိမ်မဲ မေ ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင် များနှင့် စာအုပ်ပြပွဲကို ယနေ့ မွန်းလွဲ ၂ နာရီတွင် ဆောင်ရွက်ခဲ့သည်။
အဆိုပါ အခမ်းအနားတွင် အိမ်မဲမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ဌေးဌေးလှိုင်က ကျောင်သား၊ ကျောင်းသူ ကလေးသူငယ်များအား ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်များ ပြသပေး ရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားခဲ့သည်။
အသိပညာပေး နံရံကပ်စာစောင်တွင် ကလေးအလုပ်သမားပပျောက်ရေး ဆောင်ပုဒ်များ၊ ကဗျာများ၊ အသိပညာပေးပုံများ၊ ကလေးအလုပ်သမားများ၏ အသက်အရွယ်အစရှိသည့် သိကောင်းစရာများ ပါဝင်ပြီး ကျောင်းသား/သူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြပြီး သုတ၊ ရသ ရရှိစေမည့် စာအုပ်စာစောင်များကို ပြသထားရှိရာ ကျောင်းသား/သူ လေးများကလေ့လာဖတ်ရှု ခဲ့ကြကြောင်း သိရသည်။
အဆိုပါ ကလေးအလုပ်သမားပပျောက်ရေး နံရံကပ်စာစောင်များ ပြသပေးခြင်းကြောင့် ကျောင်းသား၊ ကျောင်းသူများ ကလေး အလုပ်သမား အကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။
ချစ်သက်လယ်(အိမ်မဲ)