မြန်အောင်ခရိုင်တွင် ပျားဖြင့် ဝတ်မှုန်ကူးခြင်း ပညာပေးသင်တန်း ဖွင့်လှစ်

မြန်အောင် မေ ၂၂

စိုက်ပျိုးရေးဦးစီးဌာနနှင့် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ပျားမွေးမြူရေး ဌာနခွဲတို့ ပူးပေါင်းဖွင့်လှစ်သော ပျားဖြင့်ဝတ်မှုန်ကူးခြင်း ပညာပေးသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်က ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊  မြို့နယ်ပညာရေးမှူးရုံး ပညာရတနာခန်းမ၌ ကျင်းပခဲ့ သည်။

ပျားဖြင့်ဝတ်မှုန်ကူးခြင်း ပညာပေးသင်တန်းဖွင့်ပွဲတွင် မြန်အောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်ကအဖွင့်အမှာစကား ပြောကြားပြီး ဧရာဝတီတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိုင်းဒေသကြီးဦးစီးမှူး ဦးကျော်ကျော်လှိုင်က သင်တန်းဖွင့်လှစ် ရခြင်းအကြောင်း ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ပျားမွေးမြူရေး ဌာနခွဲမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးကျော်ကျော်ဦးက သင်တန်းတွင် သင်ကြားမည့် အခြေခံပျားမွေးမြူရေး ပညာအကြောင်းနှင့် သင်ကြားမည့် ဘာသာရပ်များအကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

မြန်အောင်ခရိုင်တွင် ကျင်းပပြုလုပ်သော ပျားဖြင့်ဝတ်မှုန်ကူးခြင်း ပညာပေးသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ မြန်အောင်ခရိုင် စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦး​မျိုး​လှိုင်​၊ အဖွဲ့ဝင်(၁) ဒုတိယ ဗိုလ်မှူးကြီး အောင်စိုး၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး မြင့်ကျော်၊ မြန်အောင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းထွန်းနှင့် ခရိုင် မြိုနယ်အဆင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ပြီး မြန်အောင်၊ ကြံခင်း၊ အင်္ဂပူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနတို့မှ သင်တန်းသား/သူ(၃၀)ဦးနှင့် တောင်သူ(၁၅)ဦး တက်ရောက်၍ ၂၂.၅.၂၀၂၃ မှ ၂၄.၅.၂၀၂၃ နေ့အထိ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဝင်းဗိုလ်(ပြန်/ဆက်) မြန်အောင်