ကြံခင်း မေ ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် နိုင်ငံဝန်ထမ်းအငြိမ်းစား ပင်စင်လစာများကို ယနေ့ နံနက်(၆)နာရီအချိန်က စတင်ထုတ်ပေးကြောင်း သိရသည်။
ထိုသို့ နိုင်ငံဝန်ထမ်းအငြိမ်းစား ပင်စင်လစာငွေများ ထုတ်ပေးရာတွင် ကြံခင်းမြို့နယ်အတွင်းရှိ နိုင်ငံဝန်ထမ်းအငြိမ်းစား ပင်စင်စား များ ကိုယ်တိုင်ထုတ်ယူခြင်း၊ ကိုယ်စားလှယ်လွှဲစာဖြင့် ထုတ်ယူခြင်းများကို မြန်မာ့စီးပွားရေးဘဏ်မန်နေဂျာ ဒေါ်ယဉ်ယဉ်မွန်နှင့် ဝန်ထမ်းများက လွယ်ကူစွာ ထုတ်ယူနိုင်ရန် ဆောင်ရွက်ပေးကြသည်။
ကြံခင်းမြို့နယ်အတွင်း နိုင်ငံဝန်ထမ်းအငြိမ်းစား ပင်စင်စား ဦးရေ(၁၁၄၅)ဦးရှိရာ မြို့ပြပင်စင်စား (၇၆၅)ဦး၊ ကာကွယ်ရေးပင်စင်စား (၂၉၀)ဦး၊ နိုင်ငံရေးပင်စင်စား(၇၉)ဦးနှင့် ဘဏ်ပင်စင်စား (၁၁)ဦးရှိကြောင်းနှင့် နိုင်ငံဝန်ထမ်းအငြိမ်းစား ပင်စင်လစာငွေများကို မေလ(၂၂)ရက်နေ့မှ မေလ(၃၁)ရက်နေ့ထိ အစိုးရရုံးပိတ်ရက်များမှအပ နေ့စဉ် နံနက်(၈)နာရီမှ ညနေ(၃)နာရီအထိ ပင်စင်လစာ ငွေများ ထုတ်ပေးသွားမှာဖြစ်ကြောင်း မြန်မာ့စီးပွားဘဏ်မန်နေဂျာထံက သိရသည်။
မြို့နယ်(ပြန်/ဆက်)