နတ်မောက်မြို့နယ်၊ န-လက်ခုပ်ပင်ကျေးရွာတွင် ဝါးခြင်းတောင်းရက်လုပ်ခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ

နတ်မောက်  အောက်တိုဘာ   ၇

နတ်မောက်မြို့နယ်၊န-လက်ခုပ်ပင်ကျေးရွာတွင် တောင်သူလုပ်ငန်းဖြင့် သီးနှံစိုက်ပျိုးကာ အသက် မွေးဝမ်းကြောင်းပြုကြပြီး တစ်ဖက်တစ်လမ်းမှ ဝါးခြင်းတောင်းရက်လုပ်ခြင်းဖြင့် ဝင်ငွေရှာရပြီး ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ဝါးခြင်းတောင်းရောင်းအားမကောင်းသော်လည်း အိမ်နေရင်း အိုးမကွာ အိမ်မကွာ လုပ်ရ၍ ငွေကြေးအရနည်းသော်လည်း အဆင်ပြေနေကြောင်း တောင်းရက်သူ ဦးအောင်ကျော်လင်းထံမှ သိရသည်။

အဆိုပါ ဝါးတောင်းရက်လုပ်ရာတွင် ဝါးများကို နတ်မောက်မြို့မှဝယ်ယူရပြီး မျှင်ဝါးတစ်လုံးကို အိမ် အရောက် (၇၀၀) ကျပ်ပေးရ၍ ဝါးတောင်းများရက်လုပ်ရာတွင် နှစ်တင်းဝင်၊ တစ်တင်းခွဲဝင်၊ တစ်တင်းဝင်နှင့် ဈေးခံတောင်းများအဖြစ် ရက်လုပ်ရောင်းချပြီး နှစ်တင်းဝင်တောင်းတစ်လုံးလျင် (၄၀၀၀)ကျပ်၊ တစ်တင်းခွဲ ဝင်တောင်းတစ်လုံးနှင့် ဈေးခံတောင်း တစ်လုံးလျင် (၃၅၀၀)ကျပ်၊ တစ်တင်းဝင်တစ်လုံးလျင် (၂၅၀၀) ကျပ် အသီးသီးရောင်းချရကြောင်း၊ ထိုသို့ ရောင်းချရာတွင် မိမိကျေးရွာပတ်ဝန်းကျင်နှင့် မြို့ပေါ်            သို့သွားရောက်ရောင်း ရသည့်အတွက် မိသားစု အပိုဝင်ငွေရရှိကြောင်း ဝါးခြင်းတောင်းပြုလုပ်သူ ဦးအောင်ကျော်လင်းမှ ပြောကြားခဲ့ကြောင်း သိရသည်။

လှဝင်း (နတ်မောက်)