လှိုင်းဘွဲမြို့အဝင်အထွက်ဂိတ်တွင် ကိုဗစ်-၁၉ စစ်ဆေးဂိတ်ဖွင့်လှစ်၍ စစ်ဆေးရေး လုပ်ငန်းများ အရှိန်မြှင့်တင်ဆောင်ရွက်

လှိုင်းဘွဲ၊           အောက်တိုဘာလ  ၇

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေးကော်မတီဝင်များနှင့် လူမှုအဖွဲ့အစည်းများက ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ထိန်းချုပ်ရေးနိုင်ရေးအတွက် လှိုင်းဘွဲမြို့အဝင်အထွက်တွင်  စစ်ဆေးရေးဂိတ်ဖွင့်လှစ်၍ နေ့စဉ် ကျန်းမာရေးစစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းကို  ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

ထို့သို့ အသိပညာလုပ်ငန်းဆောင်ရွက်ရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးကျော်ကျော်လွင် ဦးဆောင်၍ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုန့်ပြန်ရေး ကော်မတီဝင် များ၊ ကြက်ခြေနီတပ်ဖွဲ့နှင့်လူမှုကယ်ဆယ်ရေး အဖွဲ့တို့က ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန က ထုတ်ပြန်ထားသော ညွန်ကြားချက်နှင့်အညီ ပြည်သူများ အပြင်သွားရာတွင် မဖြစ်မနေ နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်ရန် အသိပညာပေးခြင်း၊ ကိုယ်အပူချိန် တိုင်းတာခြင်း၊ မြို့တွင်းသို့ ခရီးဝေး ဝင်ရောက်လာသူများ အနေဖြင့် ခရီးသွား စစ်ဆေးမှတ်တမ်း ဆောင်ရွက်ခဲ့ ကြောင်း သိရှိရသည်။

ခင်စန်းမြင့်(ပြန်/ဆက်)