စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက်မြို့နယ်တွင် ကျေးရွာနှစ်ရွာမှ ဘုန်းတော်ကြီးကျောင်းနှစ် ကျောင်းအား အပြီးသတ်ဆောက်လုပ် နိုင်ရန် နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ရန်ပုံငွေကျပ်သိန်း (၂၇၀) ထောက်ပံ့လှူဒါန်း

မော်လိုက် အောက်တိုဘာ       ၇

စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက်မြို့နယ်၌ ကျေးရွာနှစ်ရွာမှ ဘုန်းတော်ကြီးကျောင်း နှစ်ကျောင်းအား အပြီးသတ်ဆောက်လုပ်နိုင်ရန် ယမန်နေ့ နံနက်ပိုင်းက နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပြည်ထောင် စု နယ်စပ်ဒေသဖွံ့ဖြိုးရေး(ထောက်ပံ့)  ရန်ပုံငွေကျပ်သိန်း(၂၇၀)ကို ထောက်ပံ့လှူဒါန်းပေးခဲ့ ကြောင်း သိရသည်။

အဆိုပါ ဘုန်းတော်ကြီးကျောင်း နှစ်ကျောင်းအား အပြီးသတ်ဆောက်လုပ်နိုင်ရန် ထောက်ပံ ့ရန်ပုံငွေလှူဒါန်းခြင်းကို ဝန်ကြီးဌာန ကိုယ်စား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဗိုလ်သိန်း၊ တမူးခရိုင်ဖွံ့ဖြိုးရေးကြီးကြပ်ရုံးမှ ဒုတိယဦးစီးမှူး ဦးဇော်မျိုးဦး တို့က ဆရာတော်များထံ  လှူဒါန်းငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

ယင်းသို့ထောက်ပံ့ရာတွင် မော်လိုက်မြို့နယ်အတွင်းရှိ ညောင်ကုန်းကျေးရွာမှ ဆောက်လုပ်နေသည့် ဘုန်းတော်ကြီးကျောင်း (၂) ထပ်ဆောင်အား အပြီးသတ်ဆောက်လုပ်နိုင်ရန် လှူဒါန်း ငွေကျပ်သိန်း(၁၇၀)နှင့် သဝန်ကျေးရွာတွင် အလျား(၆၀)ပေ အနံ(၃၀) ပေရှိ RC(၂)ထပ် ဘုန်းတော်ကြီးကျောင်းဆောင်သစ် ဆောက်လုပ်နိုင်ရန် လှူဒါန်းငွေကျပ်သိန်း(၁၀၀) တို့ကို လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်းနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ဘာသာရေးနှင့်သာသ နာရေးအတွက် လှူဒါန်ထောက်ပံ့ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မော်လိုက်သားလေး