လှိုင်းဘွဲမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး ပိုစတာနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေ

လှိုင်းဘွဲ၊ အောက်တိုဘာ ၇

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာနေ ပြည်သူများ ၂၀၂၀ ပြည့်နှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲ ကျင်းပရာတွင် ဒုတိယအကြိမ် မဲဆန္ဒရှင်များစာရင်း ကြေငြာထားရှိမှုအပေါ် ရှင်းလင်းတိကျစွာ သိရှိနိုင်ရေးအတွက် ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် မကြာခဏမေးလေ့မေးထရှိသော မဲဆန္ဒရှင်စာရင်းများဆိုင်ရာ မေးခွန်းနှင့်အဖြေများ၊ မဲဆန္ဒရှင်စာရင်းတွင် သင့်အမည် ပါဝင်ပါသလား အသိပညာပေးပိုစတာများနှင့် လက်ကမ်းစာစောင် ဖြန့်ဝေခြင်းကို ယမန်နေ့က ပြည်သူများ လက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးပိုစတာများနှင့်လက်ကမ်းစာစောင်များတွင် အောက်တိုဘာလ (၁)ရက်နေ့မှ (၁၄)ရက်အတွင်း မိမိရပ်ကွက်/ကျေးရွာအုပ်စု ရွေးကော်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် သင့်အမည် ပါ/မပါ၊ မဲပေးနိုင်ဖို့အတွက် ဖြည့်စွက်ရန် ဆောင်ရွက်ရမည့် အချက်များ၊ မဲပေးရာတွင် သတိပြုဆောင်ရွက်ရမည့် အချက်များ၊ ဘေးကင်းလုံခြုံစွာ မဲပေးနိုင်ရေး စသော အချက်များ ပါဝင်သော ပြည်ထောင်စုရွေးကောက်ပွဲမှ ထုတ်ဝေသော ပိုစတာနှင့် လက်ကမ်းစာစောင်များကို လှိုင်းဘွဲမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာ(၈၅)အုပ်စုတို့တွင် ကပ်ထားကြေငြာရေးနှင့် လက်ကမ်းစာစောင်များ ဖြန်ဝေပေးလျက်ရှိကြောင်း သိရှိရသည်။

ခင်စန်းမြင့်(ပြန်/ဆက်)