သာပေါင်းမြို့နယ် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကော်မတီဥက္ကဋ္ဌ ရုံးပင်၊ ငါးဘတ်ချောင်း၊ ကျီးပင်ကျေးရွာအုပ်စုများရှိ တောင်သူများနှင့်တွေ့ဆုံ

သာပေါင်း မေ ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် မြို့နယ် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ယနေ့ မေလ ၂၀ ရက်နေ့၊နံနက် ၁၁ နာရီအချိန်က စတင်၍ ရုံးပင် ကျေးရွာအုပ်စု၊ ငါးဘတ်ချောင်း ကျေးရွာအုပ်စု၊ကျီးပင် ကျေးရွာ အုပ်စုများ သို့သွားရောက်ကာ တောင်သူများနှင့်တွေ့ဆုံကြသည်။

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကော်မတီဥက္ကဋ္ဌ ဦးမင်းဧရာထိုက်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး၊ စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး ကော်မတီ အတွင်းရေးမှူးဦးမျိုးမြင့်လွင်တို့က ရုံးပင်ကျေးရွာအုပ်စု၊ တစ္ဆေချောင်းကျေးရွာ၊ ဓမ္မသုခသိဒ္ဓိ ဘုန်းကြီးကျောင်းတွင် တောင်သူ(၇၅)ဦး၊ ငါးဘတ်ချောင်း

ကျေးရွာအုပ်စု၊ ငါးဘတ်ချောင်း ကျေးရွာ၊အုပ်ချုပ်ရေးမှူးရုံးတွင် တောင်သူ(၅၀)ဦး၊ကျီးပင် ကျေးရွာအုပ်စု၊ကြွက် ကျွန်းကျေးရွာ၊မူလွန်ကျောင်း နေရာတို့တွင် တောင်သူ(၄၉)ဦးတို့နှင့် တွေ့ဆုံကာ တစ်ဧက(၁၀)တင်းပိုမိုထွက်ရှိရေး၊ သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်)စိုက်ပျိုးရေး ၊ဆောင်းနေကြာ (၂၀၀၀)ဧကလျာထားချက်ပြည့်မီအောင်စို က်ပျိုးရေး ၊နိုင်ငံ့စီးပွားမြှင့်တင်ရန်ပုံ ငွေသွင်းအားစု(နွေစပါး၊ပဲတီစိမ်း)သွင်းအားစု ကြိတ်ခွဲရေး ၂၆.၅.၂၀၂၃ ရက်နေ့အပြီးပေးသွင်းရေး၊ စိုက်မွေးအထက်တန်း ကျောင်းတက်ရောက်ရေး ၊ရာနှုန်းပြည့်ကျောင်းအပ်နှံရေး၊ ကျောင်းများ သန့်ရှင်း ရေးတို့ကိုဆွေးနွေးမှာကြားရာ ဒေသခံတောင်သူများ၏ ပြန်လည်ဆွေးနွေး တင်ပြချက် များအား သက်ဆိုင်ရာဌာနနှင့်ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မျိုးဇော်သိန်း သာပေါင်း ပြန်/ဆက်