ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ဟင်္သာတခရိုင်အတွင်းရှိ အခြေခံပညာအထက်တန်း GRADE-9 သင်ရိုးသစ် ဆင့်ပွားသင်တန်း တက်ရောက်လျက်ရှိသည့် ဆရာ၊ဆရာမများအားတွေ့ဆုံ

ဟင်္သာတ မေ ၂၁

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့သည် ဟင်္သာတခရိုင်တွင် အခြေခံပညာအထက်တန်း GRADE-9 သင်ရိုးသစ် ဆင့်ပွားသင်တန်း တက်ရောက်လျက်ရှိသည့် ဆရာ၊ဆရာမများနှင့်တွေ့ဆုံပွဲကို ယမန်နေ့ညနေ ၄ နာရီအချိန်က ဟင်္သာတမြို့ အ.ထ.က- ၁ ကျောင်းဟင်္သာခန်းမတွင် ပြုလုပ်ခဲ့သည်။

တွေ့ဆုံပွဲတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတက္ကသိုလ်နယ်မြေ တိုင်းဒေသကြီးအဆင့် အခြေခံပညာအထက်တန်း GRADE-9 သင်ရိုးသစ် ဆင့်ပွားသင်တန်း ရောက်ရှိလျက်ရှိသည့် သင်တန်းသား/သူ ဆရာ/ဆရာမများအား တွေ့ဆုံအားပေး အမှာစကားပြောကြားပြီးနောက် ထောက်ပံ့ငွေများပေးအပ်လှူဒါန်းခဲ့ရာ ဟင်္သာတခရိုင် ပညာရေးမှူးရုံးအတွက် (၁၅)သိန်းကျပ်နှင့် ဟင်္သာတက္ကသိုလ်အတွက် (၅)သိန်းကျပ်တို့ ပေးအပ်ခဲ့ရာ ခရိုင်ပညာရေးမှူး ဦးတိုးဝင်းနှင့် ဟင်္သာတတက္ကသိုလ် ဒုပါမောက္ခချုပ် ဒေါက်တာအေးလွင်တို့မှ အသီးသီး လက်ခံယူခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်ဆက်(ဟင်္သာတ)