မြိုင်မြို့၌ရေတွင်း၊ ရေကန်များတွင် ကလိုရင်းဆေးလိုက်လံခတ်ပေး

မြိုင် မေ ၂၁

မြိုင်မြို့တွင် မုန်တိုင်းကြောင့်ချောင်းရေများဝင်ရောက်ခဲ့သည့် ရေတွင်းရေကန်များအတွင်းသို့ ကလိုရင်းဆေးခတ်ပေးခြင်းကို ယမန်နေ့နံနက် ၉ နာရီက မြိုင်မြို့ အမှတ်(၁) ရပ်ကွက်၊ အမှတ်(၃)ရပ်ကွက်အတွင်း လိုက်လံဆောင်ရွက်ပေးသည်။

မြိုင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှုးဦးအောင်ထွေးချစ်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ ရဲမှူး(ယာယီ)ဦးသန်းဖေ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အမှုဆောင်အရာရှိဦးဟန်မြင့်၊ မြို့နယ်ပြည်သူ့ဆေးရုံမှ ဒေါက်တာဟိဏ်းသီရိ၊ ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့၊ အဖွဲဝင်များက အမှတ်(၁)ရပ်ကွက်နှင့် အမှတ်(၃)ရပ်ကွက်အတွင်း၊ မုန်တိုင်းကြောင့် မိုးသည်းထန်စွာရွာသွန်းပြီး ချောင်းရေများ ဝင်ရောက်ခဲ့သည့်ရေတွင်း၊ ရေကန်များ အတွင်းသို့ ကလိုရင်းဆေးများ လိုက်လံခတ်ပေးခဲ့ပြီး သန့်ရှင်းသောသောက်သုံးရေသုံးစွဲရေး အသိပညာပေးဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မယ်ခွေ