ဒိုက်ဦးမြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် ၆၇ လုံးနှင့်ဘုန်းကြီးကျောင်း (၁)ကျောင်း အမိုးလန်၊ ပြိုကျပျက်စီး

ဒိုက်ဦး မေ ၂၁

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်တွင်မေလ ၁၉ ရက်နေ့ညနေ ၆း၄၅နာရီ အချိန်ခန့် ဒိုက်ဦးမြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ရွှေအင်ဒုံကျေးရွာအုပ်စု၊ ဖအောင်းစုကျေးရွာအုပ်စု၊ စက်ကွင်းရပ်ကွက်၊ မင်းတဲရပ်ကွက်၊ အင်းသဇင် ကျေးရွာအုပ်စု၊ ပျဉ်းမလွင်ကျေးရွာအုပ်စု၊ ကမာဖရုံကျေးရွာအုပ်စု၊ ကတုတ်ရွာမကျေးရွာအုပ်စု၊ ကံကလေးကျေးရွာအုပ်စု၊ ဆင်စခန်းကျေးရွာအုပ်စု၊ ဒရယ်မီးရပ်ကွက်၊ ဖောင်တော်သီကျေးရွာ၊ ပေါက်တပင်ကျေးရွာအုပ်စုတို့ လူနေအိမ် ၆၇ လုံးနှင့်ဘုန်းကြီးကျောင်း (၁)ကျောင်း အမိုးလန်ကာ  ပြိုကျပျက်စီးခဲ့သည်။

 အဆိုပါလေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးကျပ် (၂၃၉၉၀၀၀၀)ခန့်ရှိပြီး လူနှင့်တိရစ္ဆာန်များ ထိခိုက်ဆုံးရှုံးမှုမရှိကြောင်း သတင်းရရှိသည်။

မြို့နယ်(ပြန်/ ဆက်)