ဘားအံမြို့ပေါ်ရှိအခြေခံပညာကျောင်းများ၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

ဘားအံ မေ ၂၁

ကရင်ပြည်နယ်၏မြို့တော် ဘားအံမြို့အား မြို့အင်္ဂါရပ်များနှင့်အညီ သန့်ရှင်းသာယာလှပသော အစိမ်းရောင် မြို့တော်ဖြစ်စေရေး ဌာနဆိုင်ရာဝန်ထမ်းများနှင့်ရပ်ကွက်နေပြည်သူများပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက ဘားအံမြို့ပေါ်ရှိ အခြေခံပညာကျောင်းများတွင် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။

ယနေ့စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို ဘားအံမြို့ပေါ်ရှိ အခြေခံပညာကျောင်းပေါင်း (၂၅)ကျောင်း၌ တစ်ပြိုင်နက်တည်းဆောင်ရွက်ခဲ့ကြပြီး ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ် တရားလွှတ်တော်တရား သူကြီးချုပ်ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်ဌာနဆိုင်ရာတာဝန်ရှိသူများသည် အမှတ်(၁၂)အခြေခံ ပညာမူလတန်းကျောင်း၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်း၊ အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ် (၄)အခြေခံပညာအထက်တန်းကျောင်းတို့တွင် ဌာနဆိုင်ရာဝန်ထမ်းများ၊ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့်ရပ်ကွက်နေပြည်သူများ စုစုပေါင်းအင်အား ၁၈၄၉ ဦးသည် ယာဉ်၊ယန္တရားများအသုံးပြု၍ ချုံနွယ် ပိတ်ပေါင်းများခုတ်ထွင်ရှင်းလင်းခြင်း၊ ပလက်စတစ်နှင့်စွန့်ပစ်ပစ္စည်းအမှိုက်များသိမ်းဆည်းခြင်း အစရှိသော စုပေါင်း သန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က မကြာမီကာလအတွင်း အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်သည့်အတွက် ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး၊ ပရိဘောဂနှင့်သင်ထောက်ကူပစ္စည်းများ ပြည့်စုံလုံလောက်မှုရှိစေရေး၊ မုန့်ဈေးတန်းများသန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ သန့်စင်ခန်းများပြည့်စုံလုံလောက်မှုရှိစေရေး ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများအား လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ ဆက်)