ရွှေသောင်ယံ မေ ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် ယမန်နေ့နံနက်ပိုင်းမှစတင်၍ ညနေပိုင်းအထိ မြို့ပေါ် ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများရှိ ကျောင်းနေအရွယ်ကျောင်းသား၊ ကျောင်းသူများအား ရာနှုန်းပြည် ကျောင်းအပ်နှံရေးတို့ကို ရွှေသောင်ယံမြို့၊ မြို့အုပ်ချုပ်ရေးမှူးဦးဆောင်၍ ရပ်ကွက်၊ ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးများနှင့် ကွင်းဆင်းကာစည်းရုံးဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ ရာနှုန်းပြည့်ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံရေး စည်းရုံးဆောင်ရွက်ရာတွင် ရွှေသောင်ယံမြို့ အမှတ်(၁၊၂၊၃) ရပ်ကွက်များ၌ နံနက်(၉)နာရီမှ(၁၂)နာရီအချိန်အထိ ကွင်းဆင်း၍လည်းကောင်း၊ သဲကုန်းကျေးရွာအုပ်စု၊ သပေါ့ကန်ကျေးရွာအုပ်စုတို့၌ ညနေ(၃)နာရီမှ(၄)နာရီ(၃၀)အထိ ကွင်းဆင်း၍လည်းကောင်း အသက်(၅)နှစ်ပြည့်ပြီး ကလေးများကျောင်းအပ်နှံရေးနှင့် စာသင်ကျောင်းများအလိုက် ရာနှုန်းပြည့်ကျောင်းအပ်နှံရေးတို့အတွက် ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
ရွှေသောင်ယံ(ပြန်/ဆက်)