ပခုက္ကူမြို့၌ မိုခါမုန်တိုင်းဒဏ်ကြောင့် ရေဝင်ရောက်ခဲ့သည့်ရေတွင်း၊ ရေကန်များအား (Clorine)က လိုရင်းဆေးလိုက်လံ ခတ်ပေး

ပခုက္ကူ မေ ၂၁

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ပေါ်ရပ်ကွက်များအတွင်း မိုခါမုန်တိုင်းဒဏ်ကြောင့် မိုးသည်းထန်စွာရွာသွန်းပြီး ရေဝင်ရောက်ခဲ့သည့် ရေတွင်း၊ရေကန်များအား (Clorine)ကလိုရင်းဆေးလိုက်လံခတ်ပေးခြင်းကို ယမန်နေ့ နံနက်၉နာရီ အချိန်က တာဝန်ရှိသူများကွင်းဆင်းဆောင်ရွက်ကြသည်။

အဆိုပါလုပ်ငန်းကို ပခုက္ကူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးမိုး၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့်အမျိုးသမီးရေးရာအဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့်လူမှုရေးအဖွဲ့အစည်းများစုပေါင်း၍ ပခုက္ကူမြို့ပေါ်ရပ်ကွက်များအတွင်း မိုခါမုန်တိုင်းဒဏ်ကြောင့် မိုးသည်းထန်စွာရွာသွန်းပြီး ရေဝင်ရောက်ခဲ့သည့် ရေတွင်း၊ရေကန်များအား (Clorine)က လိုရင်းဆေးလိုက်လံခတ်ပေးကြကြောင်း သိရသည်။

အလားတူ ပခုက္ကူခရိုင်အတွင်း ရေစကြို၊ မြိုင်၊ ပေါက်နှင့်ဆိပ်ဖြူမြို့များတွင်လည်း သက်ဆိုင်ရာဌာနဆိုင်ရာတာဝန်ရှိသူများနှင့် လူမှုရေးအဖွဲ့အစည်းများစုပေါင်း၍ မိုခါမုန်တိုင်းဒဏ်ကြောင့် မိုးသည်းထန်စွာရွာသွန်းပြီး ရေဝင်ရောက်ခဲ့သည့် ရေတွင်း၊ ရေကန်များအား (Clorine)က လိုရင်းဆေးလိုက်လံခတ်ပေးခြင်း ဆောင်ရွက်ကြကြောင်း သိရသည်။

ဘာမီသာ(ပြန်/ ဆက်)