ညောင်လေးပင် မေ ၂၁
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ယမန်နေ့မွန်းလွဲ ၁ နာရီက မြို့နယ်စာရေးဆရာအသင်းမှ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ စာရေးဆရာအသင်း(ဗဟို) အမှုဆောင်နှင့် မြို့နယ်စာရေးဆရာအသင်း (နာယက) ဒေါက်တာမြင့်သန်း(ညောင်လေးပင်)က အဖွင့်အမှာစကား ပြောကြားရာတွင် အပူချိန်လွန်ကဲမှုကြောင့် ဖြစ်နိုင်သော ရောဂါများအကြောင်းနှင့် စာအုပ်အသစ်ထုတ်ဝေမည့်အကြောင်းအရာများအား ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးစိုးဝင်း (မောင်စုမြင်-ညောင်လေးပင်)က လစဥ်အလှူခံရရှိမှု စာရင်းများနှင့် ကဗျာ၊ မဂ္ဂဇင်းရေးသားမှုအခြေအနေများအား ဆွေးနွေးပြောကြားခဲ့သည်။
၎င်းနောက် ဆွေးနွေးပြီးသော အကြောင်းအရာများအား ဆုံးဖြတ်ချက်များချမှတ်ခဲ့ကာ မြန်မာနိုင်ငံစာရေးဆရာအသင်း (ဗဟို) အမှုဆောင်နှင့် မြို့နယ်စာရေးဆရာအသင်း (နာယက) ဒေါက်တာမြင့်သန်း(ညောင်လေးပင်)မှ နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်း သိရသည်။
ထိုနောက်တတ်ရောက်လာကြသော စာရေးဆရာအသင်းအဖွဲ့ဝင်များနှင့် စာပေဝါသနာရှင်များမှ သိရှိလိုသည်များအား အပြန်အလှန် ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)