ပဲခူးမြို့၌ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းခြင်း အခမ်းအနားကျင်းပပြုလုပ်

ပဲခူး မေ ၂၁

ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းတက်ရောက်ခဲ့သည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုး‌ဆွေဝင်းက အဖွင့်အမှာစကားပြောကြားပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာဌေးအောင်နှင့် ညွှန်ကြားရေးမှူးများက အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆောင်ရွက်ချက်များ၊ အဂတိလိုက်စားမှုသဘောသဘာဝများ၊ ကော်မရှင်၏လုပ်ငန်းဆောင်ရွက်ချက်များ၊ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ အသိပညာပေးဆွေနွေးဟောပြောခဲ့သည်။

အဆိုပါ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့တာဝန်ရှိသူများ၊  အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာဌေးအောင်နှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် ဌာနဆိုင်ရာများ၊ ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမများ၊ မြို့မိ၊ မြို့ဖများနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များတက်ရောက်ကြကြောင်း သိရသည်။

သက်ဖြိုးကြိုင် (ပြန်/ ဆက်)