လပွတ္တာ မေ ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ မောင်းဒီး ကျေးရွာအုပ်စု၊ ဂေါင်းတိုကျေးရွာတွင် ယမန်နေ့နံနက်ပိုင်းက အခြေခံပညာ မူလတန်းကျောင်းဆောင်သစ် ဆောက်လုပ်နေမှုအခြေအနေများကို လပွတ္တာခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင် များက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် လပွတ္တာခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဌဦးဇော်မျိုးနှင့် အဖွဲ့ဝင် များသည်အလှူရှင်ဦးမြတ်သူမိသားစု (တော်ဝင်ဆီဆိုင်) မှလှူဒါန်းသောအလျား ၆၀ပေ၊အနံ ၂၀ပေ အာစီကွန်ကရစ်ကျောင်း ဆောင်သစ်ဆောက် လုပ်နေမှုအခြေအနေများအားကြည့်ရှု စစ်ဆေးပြီးလိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။
ခရိုင်ပြန်/ဆက်