မိုးညိုမြို့ပေါ်ရှိ စာသင်ကျောင်းများ သန့်ရှင်းသာယာလှပရေးအတွက် ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

မိုးညို မေ ၂၀

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်တွင် စာသင်ကျောင်းများ မကြာမီဖွင့်လှစ်‌တော့မည်ဖြစ်သည့်အတွက် ကျောင်းသန့်ရှင်းသာယာလှပရေးအတွက် ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်း၍  ယနေ့နံနက် ၇ နာရီက သခင်လှရှိန်ရပ်ကွက်ရိှ အလက(ခြံကြီးစု) ကျောင်းတွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြောင်းသိရသည်သည်။

 ထိုသို့ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇင်ဦးက ဦးဆောင်၍ ဌာနဆိုင်ရာများ၊ တပ်မတော်သားများ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင် များက အ.လ.က(ခြံကြီးစု)ကျောင်းနှင့် ကျောင်းပတ်ဝန်းကျင်သန့်ရှင်းမှု ရှိစေရေးအတွက် ကျောင်းအတွင်း/အပြင်နှင့် ကျောင်းအားကစားကွင်းတို့အား မြက်၊ ချုံနွယ်နှင့် အမှိုက်များ ရှင်းလင်းခြင်း၊ ရေစီးရေလာကောင်းမွန်ရေးအတွက် ရေနုတ်‌မြောင်းများအတွင်းရှိ အမှိုက်များ ဆယ်ယူရှင်းလင်းခြင်းဖြင့် စုပေါင်းသန့်ရှင်းရေးပြုလုပ်ခဲ့ပြီးကျန်ရှိသေကျောင်းများကိုလည်း အလှည့်ကျ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ကိုမင်း(ပြန်/ဆက်)