မော်လမြိုင်ကျွန်းမြို့နယ်တွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပ

မော်လမြိုင်ကျွန်း၊  မေ   ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနမှ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကို အမှတ် (၁၀) ရပ်ကွက်၊ ဗိုလ်ချုပ်ဈေး အတွင်း၌ ယမန် နေ့နံနက် (၁၁) နာရီအချိန်က ဆောင်ရွက်ခဲ့သည်။

အဆိုပါဟောပြောပွဲတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ ဦးစီးမှူးဦးမင်းဇော်လတ်က စားသုံးသူ အခွင့်ရေး များအပြည့်အဝရရှိစေရန်နှင့် တိကျမှန်ကန်ရှင်းလင်းသော သတင်းအချက်အလက် များသိရှိစေရန်၊ စားသုံး များဘေးအန္တရာယ်ကင်းရှင်းစေရေး၊ ကျန်းမာရေး၊ စိတ်ကျေနပ်မှုရှိစေရေး အတွက် အာမခံချက်ပေးနိုင်သည့် အရည်အသွေးမြင့်မားသောကုန်စည်ဝန်ဆောင်မှုများ ဖော်ဆောင်ဖြည့် ဆည်းပေးနိုင်စေရေးနှင့်စီးပွားရေးလုပ် ငန်းရှင်များအနေဖြင့် ဥပဒေအချက် အလက်များကိုသိရှိလိုက်နာဆောင်ရွက်နိုင်စေရန် ရည်ရွယ်ပြီး စားသုံးသူ များ နစ်နာမှုရှိပါက DOCA Myanmar application မှလည်းကောင်း၊ Call Centre 1535 သို့လည်းကောင်း၊ ဆက်သွယ်တိုင်ကြားနိုင်ကြားနှင့် အမှတ် (၁၀) ရပ်ကွက်၊ ဗိုလ်ချုပ်ဈေးအတွင်းရှိ ကုန်မျိုးစုံနှင့် မုန့်မျိုးစုံဆိုင် လုပ်ငန်းရှင် (၁၉)ဦးတက်ရောက်ခဲ့ကြကြောင်းသိရသည်။

ရဲကိုမောင် (ပြန်/ဆက်)