မော်လမြိုင်ကျွန်းမြို့၌ ကျောင်းအပ်နှံရေးသီတင်းပတ်ဆိုင်းဘုတ်စိုက်ထူပွဲကျင်းပ

မော်လမြိုင်ကျွန်း   မေ     ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ အမှတ် (၁၂) ရပ်ကွက်၊ တောရကျောင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ်ဆိုင်းဘုတ်စိုက်ထူပွဲကို မေလ ၁၇ နံနက် (၈) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါဆိုင်းဘုတ်တွင် “ကျောင်းနေရွယ်ကလေးအားလုံးပညာရေးမဝေးဖို့ကျောင်းအမြန်အပ်နှံစို့” ဟုတိုက်တွန်းထားပြီး၊ ကျောင်းအပ်နှံရေးသီတင်းပတ်အနေဖြင့် မေလ (၂၃) ရက်နေ့မှ မေလ(၃၁) ရက်နေ့ထိသတ်မှတ်ထားသည်။

ကျောင်းအပ်နှံရေးသီတင်းပတ်ဆိုင်းဘုတ်ထူပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးသီဟဇော်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးမင်းလွင်၊ အဖွဲ့ဝင် (၂) ဦးစောဝဏ္ဏ၊ အတွင်းရေးမှူးရဲမှူးမိုးစိန်၊ မြို့နယ်ပညာရေး မှူးဆရာမကြီးဒေါ်မြင့်မြင့်စန်းနှင့် ပညာရေးဝန်ထမ်းများတက်ရောက်ခဲ့ကြပြီးဆိုင်းဘုတ်အားအမွှေး နံ့သာရည်ပက်ဖျန်းပေးခဲ့ကြကြောင်းသိရသည်။

ရဲကိုမောင် (ပြန်/ဆက်)