သာပေါင်းမြို့နယ် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကော်မတီအဖွဲ့ဝင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

သာပေါင်း မေ ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး ကော်မတီအဖွဲ့ဝင်များ တွေ့ဆုံလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မေလ ၁၉ ရက်နေ့၊ မွန်းလွဲ ၁ နာရီအချိန်က ပြည်အေးခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကော်မတီဥက္ကဋ္ဌ ဦးမင်းဧရာထိုက်နှင့်အဖွဲ့ဝင်တို့က နိုင်ငံ့စီးပွားမြှင့်တင်ရန်ပုံငွေဖြင့် (နွေစပါး၊ ပဲတီစိမ်း) သွင်းအားစုရယူပြီး ပေးသွင်းရန်ကျန်သည့် ကျေးရွာအုပ်စု(၃၁)မှရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများအားခေါ်ယူတွေ့ဆုံ ညှိနှိုင်းဆွေးနွေးကြပြီး  မေလ(၂၆)ရက်နေ့အပြီး ပြေကြေစွာပေးသွင်းနိုင်ရေး ပေါင်စပ်ညှိနှိုင်းစိစစ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မျိုးဇော်သိန်း

သာပေါင်း (ပြန်/ဆက်)