အမာမြို့၊ လေးပင်ချောင်ကျေးရွာ၌ စကောကရင်စာပေနှင့် ယဉ်ကျေးမှု ဆင့်ပွားသင်တန်း ဆင်းပွဲပြုလုပ်

အမာ မေ ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ ဘဝသစ်ကျေးရွာအုပ်စု၊ လေးပင်ချောင်ကျေးရွာ၊ ကရင်နှစ်ခြင်းခရစ်ယာန် ဘုရားရှိခိုးကျောင်းဝင်းရှိ ခန်းမဆောင်တွင် စကောကရင်စာပေနှင့် ယဉ်ကျေးမှု ဆင့်ပွားသင်တန်းဆင်းပွဲကို ယနေ့ နေ့လယ် (၁၂)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။

အဆိုပါ စကောကရင်စာ‌ပေနှင့် ယဉ်ကျေးမှုသင်တန်းဆင်းပွဲ ပြုလုပ်ရာတွင် ရှေးဦးစွာ လေးပင်ချောင် ကရင်နှစ်ခြင်းခရစ်ယာန်အသင်းတော်မှ အသင်းအုပ်ဆရာတော်‌ စောဒဲလွဲထူးက အဖွင့်ဆုတောင်းပေးပြီး ကရင်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု ကော်မတီအဖွဲ့ဝင် (အငြိမ်းစား ကျောင်းအုပ် ဆရာကြီး) စောကနေဒီမှ အဖွင့်အမှာစကားပြောကြားရာ ကရင် စာပေတိုးတက်ပျံ့ပွားရေး၊ ကရင်တိုင်းရင်းသား ကလေးငယ်များ ကရင်စာပေကိုချစ်မြတ်နိုးပြီး ကျွမ်းကျင်စွာ တတ်မြောက်ကြစေရေး၊ ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး‌ ဆောင်ရွက်ကြရသလို ကရင်စာပေလည်းဖွံ့ဖြိုးရန် လိုအပ်သဖြင့် ကြိုးစား‌‌သင်ယူ‌ ဆောင်ရွက်ကြရန်လိုအပ်ပါ ကြောင်း၊ လူမျိုးတစ်မျိုးတိုင်းအတွက် စာပေနှင့် ယဉ်‌ကျေးမှု မပျောက်ပျက်အောင် ထိန်းသိမ်း ရန် အရေးကြီးကြောင်း ပြောကြားခဲ့ပြီး ဖျာပုံမြို့နယ်၊ ကရင်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု ကော်မတီဥက္ကဋ္ဌ မန်းနံ့သာက ကရင်စာပေ မပျောက်ကွယ်စေရန်ယဉ်ကျေးမှုများ မပျောက်ကွယ်စေရန် ကရင်တိုင်းရင်းသားများအနေဖြင့် ဝိုင်းဝန်းကြိုးပန်းဆောင်ရွက်ရန် လိုအပ်ကြောင်း၊ အချိန်ကိုတန်ဖိုးထား ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ကျောင်းဖွင့်ရာသီ ရောက်ရှိလာ ပြီဖြစ်၍ ကျောင်းအပ်နှံချိန်ရောက်သည့်အခါ  တိုင်းရင်းသား ကလေးငယ်များ ကျောင်းစတင် အပ်နှံရာတွင် အမည်စာရင်းများ ကောက်ယူသည့် အခါ တိကျရေး ဂရုစိုက်ဆောင်ရွက်ကြရန် လိုအပ်ကြောင်းတို့ကို ရှင်းလင်းပြောကြားခဲ့ ပြီးနောက် ဆရာတော် စောဒဲလွဲထူး၏ နောက်ဆုံးပိတ် ဆုတောင်းပေးခြင်း သင်တန်းဆင်းပွဲ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

သင်တန်းပြုလုပ်ရာတွင် မေလ (၁၇)ရက်မှ (၁၉)ရက်ထိ ()ရက်တာပြုလုပ်ခဲ့ပြီး  သင်တန်း ဆင့်ပွားပို့ချသူ ဆရာ၊ ဆရာမ ()ဦး၊ အမာမြို့နှင့် ဘဝသစ်ကျေးရွာအုပ်စုအတွင်းရှိ အ‌ခြေခံ ပညာ‌ ကျောင်းများမှ ကရင်တိုင်းရင်းသားစာပေ သင်ကြားနေသော ဆရာ၊ ဆရာမများ (၁၅)ဦး တို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

အမာ(ပြန်/ဆက်)