ငွေဆောင်မြို့၊ ဆင်အုပ်စု၊ ပုညရာဇာဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲပြုလုပ်ကာ ကျန်းမာရေး အဖွဲ့မှ ဒေသခံများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထပ်ဆောင်း Booster ထိုးနှံပေး

ငွေဆောင် မေ ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ ငွေဆောင်မြို့၊ ဆင်မကျေးရွာသို့ နယ်မြေတည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ပုသိမ်မြို့နယ်အဆင့်ဌာန ဆိုင်ရာများနှင့် ငွေဆောင်မြို့ ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းမှ ယနေ့နံနက်(၉း၁၅)  နာရီအချိန်တွင် ငွေဆောင်မြို့၊ ဆင်မကျေးရွာအုပ်စု၊ ဆင်မကျေးရွာ၊ ပုညရာဇာဘုန်းတော်ကြီးရှိ ဓမ္မာရုံတွင် ဒေသခံပြည်သူများနှင့်တွေ့ဆုံ ဆွေးနွေးပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ တင်ဝင်းအောင်နှင့် ကျန်းမာရေးအဖွဲ့မှလည်း ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထပ်ဆောင်း Booster ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်ဦး ဦးဆောင်သောမြို့နယ် အဆင့်ဌာနဆိုင်ရာ အဖွဲ့များမှ တွေ့ဆုံပွဲအား ဆင်မကျေးရွာအုပ်စု၊ ပုညရာဇာဘုန်းတော်ကြီးကျောင်းရှိဓမ္မာရုံတွင် ပြုလုပ်ခဲ့ရာရှေးဦးစွာ ပုသိမ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးက ဒေသခံပြည်သူများ၏ ဒေသအကျိုးဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသစီးပွားရေးကောင်းမွန်ရေး၊ CleanCity, GreenCity နှင့် အညီဖြစ်စေရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် ကျန်းမာရေးကောင်းမွန်စေရေး စသည့်အချက်များအား မှာကြားဆွေးနွေး ပါသည်။

ထို့နောက် မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး ရဲရန်အောင်မှပြည်သူများ၏ အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်များကို ရှင်းပြကာကျန် မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ မိမိတို့ဌာနနှင့်သက်ဆိုင်သည့် ကိစ္စရပ်များ၊ လုပ်ငန်းများအကြောင်းရှင်းပြကာ ပြည်သူများတင်ပြသည့် လျှပ်စစ်မီးလင်းရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေးနှင့်ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များကို ပြန်လည်ဆွေးနွေးညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြသည်။ ဆွေးနွေးပွဲသို့ ဆင်မကျေးရွာအုပ်စုမှ ဒေသခံပြည်သူ ၂၀၀ ခန့်လာရောက်ခဲ့သည်။

ထို့နောက် ပုသိမ်မြို့နယ် ဆရာဝန်ကြီးဒေါက်တာ တင်ဝင်းအောင်ဦးဆောင်သော ကျန်းမာရေးအဖွဲ့မှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများနှင့် ကိုဗစ်-၁၉ ကာကွယ်ဆေးထပ်ဆောင်း Booster ထိုးနှံခြင်းလုပ်ငန်းများအား ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရသည်။

R – O14 ( ငွေဆောင်)