ကျိုက်လတ် မေ ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၃ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေးပေးခြင်းကို ယနေ့ နံနက် (၉) နာရီတွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲတွင် စတင်ထုတ်ချေးပေးခဲ့သည်။
၂၀၂၃ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ စတင်ထုတ်ချေးပေးရာတွင် ရှေးဦးစွာ ကျိုက်လတ်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ မန်နေဂျာ ဦးစန်းသော်က မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေကို ကျေးရွာ အုပ်စုအလိုက် လယ်(၁)ဧက ငွေကျပ်တစ်သိန်းငါးသောင်းနှုန်းကို အတိုး ၅% ဖြင့် ထုတ်ချေးမှာ ဖြစ်ပြီး လယ်ယာမြေ လုပ်ပိုင်ခွင့်ပြု လက်မှတ် ပုံစံ(၇) ရှိသည့် တောင်သူများကိုသာ ထုတ်ချေးပေးသွားမှာဖြစ် ကြောင်းနှင့် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးသော ကိုင်းချောင်းကျေးရွာအုပ်စုမှ တောင်သူများကို ချေးငွေထုတ်ချေးသည့် စာချုပ်ပါ စည်းကမ်းချက် များအား ရှင်းလင်းပြောကြားခဲ့သည်။ ၂၀၂၃ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေးပေးရာတွင် ကိုင်းချောင်းကျေးရွာအုပ်စုမှ စိုက်ပျိုးဧက(၇၃)ဧက၊ တောင်သူ (၁၀) ဦးအား တစ်ဧကလျှင် (၁၅၀၀၀၀)ကျပ်နှုန်းဖြင့် ချေးငွေကျပ် သိန်း (၁၀၉၅၀၀၀၀) သိန်းအား မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ မန်နေဂျာ ဦးစန်းသော်နှင့် ဝန်ထမ်းများက တောင်သူများ လက်ဝယ်အရောက် ထုတ်ချေးပေးခဲ့ပြီး တာဝန်ရှိသူ များက ကြီးကြပ်စစ်ဆေးခဲ့ကြောင်း သိရသည်။
ကျိုက်လတ်(ပြန်/ဆက်)