ပုလော မေလ ၁၉
တနင်္သာရီတိုင်းဒေသကြီး ပုလောမြို့၌ (ထပ်ဆောင်း) ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ရပ်ကွက်/ကျေးရွာအသီးသီးတွင် ကွင်းဆင်း၍ထိုးနှံပေးလျက်ရှိရာ မေလ ၁၉ ရက်နေ့ နံနက်ပိုင်းက ပုလောမြို့ အမှတ် ၅ ရပ်ကွက်၌ ထိုးနှံပေးခဲ့ကြောင်းသိရသည်။
ထိုသို့ ကိုဗစ်-၁၉ ကာကွယ်ဆေး ထပ်ဆောင်းထိုးနှံပေးရာတွင် ပုလောမြို့နယ် ပြည်သူ့ကျန်းမာရေးဌာနမှ ဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများက ဆေးမထိုးမီ သွေးပေါင်ချိန်တိုင်းပေးခြင်း၊ ဆေးထိုးပြီးပါက ၁၅ မိနစ်ခန့် အနားယူပြီးမှ ပြန်လည်ထွက်ခွာ စေခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပြီး၊ ပြည်သူများအနေဖြင့် သွားလာရာတွင် အဆင်ပြေစေရန်ရည်ရွယ်၍ ရပ်ကွက်/ကျေးရွာအသီးသီးရှိ စုရပ်များ၌ နေ့အလိုက် ကွင်းဆင်း၍ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
အေးအေးမော်