နတ်တလင်း မေ ၁၉
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၌ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့ပေါ်ရပ်ကွက်များအတွင်းရှိ ရေနုတ်မြောင်းများ မိုးတွင်ကာလရေစီးရေလာကောင်းမွန်စေရန် ရည်ရွယ်၍ ရေနုတ်မြောင်းများ တူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသည်။
အဆိုပါရေနုတ်မြောင်းများ တူးဖော်ခြင်းလုပ်ငန်းကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ၊ တာဝန်ခံ အင်ဂျင်နီယာနှင့်အဖွဲ့တို့မှ မိုးဦးမကျမီ မြို့ပေါ်ရပ်ကွက် လမ်းဘေ ဝဲယာများရှိ ရေနုတ်မြောင်းများ၊ ပင်မရေနုတ်မြောင်းကြီးများအား လူအင်အား၊ စက်ယန္တရားများဖြင့် အချိန်မီပြီးစီးအောင် နေ့စဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဝေယံဖြိုး(ပြန်/ ဆက်)