ဖြူး မေ ၁၉
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်း မိုးစပါးစိုက်ပျိုးတောင်သူများ စိုက်ပျိုးစရိတ်အတွက် အထောက်အကူဖြစ်စေရန်အတွက်ရည်ရွယ်၍ ၂၀၂၃ ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးခြင်းကို ယနေ့နံနက်ပိုင်းက မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(ခွဲ)၌ စတင်ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(ခွဲ)မှ မြို့နယ်မန်နေဂျာနှင့်ဝန်ထမ်းများက ချောင်းကောက်ကျေးရွာအုပ်စုအတွင်းရှိ တောင်သူ(၅၄)ဦးအား စိုက်ပျိုးဧက(၁)ဧကလျှင် ငွေကျပ်(၁၅၀၀၀၀)နှုန်းဖြင့် စိုက်ပျိုးဧက(၃၄၄)ဧကအတွက် ငွေကျပ်(၅၁၆)သိန်းကို တောင်သူများလက်ဝယ်အရောက် ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
ထိုသို့ချေးငွေထုတ်ချေးရာတွင် ချေးငွေစည်ကမ်းချက်များနှင့်ညီညွတ်သော တောင်သူများအား အတိုးနှုန်းသက်သာစွာ တစ်နှစ်လျှင် အတိုး(၅)ရာခိုင်နှုန်းဖြင့် ထုတ်ချေးပေးနေခြင်းဖြစ်ကြောင်း မြို့နယ်မန်နေဂျာ ဒေါ်ညိုညိုသန်းထံမှ သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)