ပြည်ကြီးမဏ္ဍိုင်မြို့တွင် အပူဒဏ်ကာကွယ်ရေး အသိပညာပေး (Talk Show) ဆွေးနွေးပွဲဆောင်ရွက်

ပြည်ကြီးမဏ္ဍိုင် မေ ၁

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊  ပြည်ကြီးမဏ္ဍိုင်မြို့ လူထုအခြေပြုဗဟိုဌာန  (Community   Centre) ခန်းမတွင် ယနေ့ နံနက် ၁၁ နာရီအချိန်က အပူဒဏ်ကာကွယ်ရေး အသိပညာပေး (Talk Show) ဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ကေခိုင်ဝင်းနှင့် စာကြည့်တိုက်လက်ထောက်-၃ ဒေါ်စိုးမြတ်နန္ဒာက အပူဒဏ် ကြောင့်ဖြစ်တတ်သော ရောဂါများ၊ အပူရှပ်ခြင်း၊ သွေးပေါင်းကျခြင်း၊ ခေါင်းမူးခြင်း၊ ခေါင်းကိုက်ခြင်း၊ ခန္ဓာကိုယ်အပူရှိန်မြှင့်တက်ခြင်း၊ ရှောင်ကြဉ်ရမည့်အချက်များ၊ နံနက် (၁၀) နာရီမှ  ညနေ (၄) နာရီအတွင်း  နေရောင်ခြည်နှင့် တိုက်ရိုက်ထိတွေ့ခြင်းကို ရှောင်ကြဉ်ရန်၊ ကုသမှု အလျှင်အမြန်မရရှိသောနေရာသို့ ရောက်နေပါက ရှေးဦးသူနာပြုစုပေးနိုင်ရန် လိုအပ်သည့်အချက်များ စသည့်အကြောင်းအရာများကို အသိပညာပေး ဆွေးနွေးခဲ့သည်။

အဆိုပါ Talk Show ပွဲအစီအစဉ်အပြည့်အစုံကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် We Love Pyigyimandaing Page တွင် ထုတ်လွှင့်တင်ဆက် ပေးသွားမည် ဖြစ်သည်။

ကေခိုင်ဝင်း