အိမ်မဲမြို့နယ်တွင် စားသုံးသူကာကွယ်ရေးဥပဒေ အသိပညာပေး Talk Show ပြုလုပ်

အိမ်မဲ မေ ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြိုနယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန Community Centre ခန်းမတွင် မြို့နယ်ပြန်/ဆက် ဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် စားသုံးသူကာကွယ်ရေးဥပဒေ အသိပညာပေး Talk Show ကို ယနေ့နံနက် (၁၁) နာရီတွင် ဆောင်ရွက်ခဲ့သည်။

ဆွေးနွေးပွဲတွင်တွင် အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဌေးဌေးလှိုင်က Talk Show ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားခဲ့သည်။ ဆက်လက်ပြီး မြို့နယ်ပြန်/ဆက် ဦးစီးအရာရှိနှင့် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးလေးလွင်တို့က စားသုံးသူကာကွယ်ရေးဥပဒေစာအုပ်မှ စီပွားရေးလုပ်ငန်းရှင်၏ တာဝန် (၁၁) ချက်အကြောင်း၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် အသိပညာပေး ဆောင်ရွက်နေမှု အကြောင်းတို့ကို အကျယ်တဝင့် ဆွေးနွေးခဲ့ကြသည်။

အဆိုပါ စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း Talk Show များ ရိုက်ကူးတင်ဆက် ပေးခြင်းကြောင့် ပြည်သူများ စားသုံးသူကာကွယ်ရေးဥပဒေအကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိလာမည်ဖြစ်ပြီး Talk Show ဗီဒီယိုကို အိမ်မဲမြို့နယ် ပြည်သူ့စာကြည့်ပေ့ချ်တွင် ဝင်ရောက်ကြည့်ရှုနိုင်မည်ဖြစ်သည်။

ချစ်သက်လယ်(အိမ်မဲ)