ပြည်ကြီးမဏ္ဍိုင် မေ ၁၉
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့တွင် ကလေးငယ်များအနေဖြင့် နွေရာသီကျောင်းပိတ်ရက်များအတွင်း အသိပညာဗဟုသုတ တိုးပွားပြီး ကာယ/ဉာဏ ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ကာယစွမ်းရည်ပြိုင်ပွဲကို ယမန်နေ့ ညနေပိုင်းက လူထုအခြေပြုဗဟိုဌာနတွင် ပြုလုပ်ခဲ့သည်။
ပြိုင်ပွဲများ ပြုလုပ်ရာတွင် ကလေးငယ်များ ကျောင်းစာအပြင် အသိပညာဗဟုသုတတိုးပွားစေမည့် သုတရသစာအုပ်များကို ဖတ်ရှုလေ့လာကာ စာကြည့်တိုက်အား ငယ်ရွယ်စဉ်ကပင် အသုံးပြုတတ်လာစေရန်၊ ကာယ ဉာဏ ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်စေရန်အတွက် သံပုံးရိုက်ပြိုင်ပွဲနှင့် ဝက်အမြှီးပုံဆွဲ ပြိုင်ပွဲအား ကျင်းပပြုလုပ်ပေးခဲ့ရာ ကလေးငယ်များ ပျော်ရွှင်စွာဝင်ရောက်ယှဉ်ပြိုင်ကြသည်။
ပြိုင်ပွဲတွင် ကလေးငယ် (၁၆) ဦးတို့က ပျော်ရွှင်စွာဝင်ရောက်ယှဉ်ပြိုင်ကြသည့် ကလေးငယ်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်း များက အမှတ်တရလက်ဆောင်အဖြစ် ပုံဆွဲစာအုပ်နှင့်ဆွဲခြင်းများကို ပေးအပ်ခဲ့သည်။
ကေခိုင်ဝင်း