အထက်မင်းလှ မေ ၁၉
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်သစ်တောဦးစီးဌာနတို့ ပူးပေါင်းပြီး ဇွန်လ(၅)ရက်နေ့တွင် ရောက်ရှိမည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အသိပညာပေး (Talk Show)ဆွေးနွေးပွဲကို ယနေ့နံနက်(၈)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် မင်းလှမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဇာဇာငြိမ်းက ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အသိပညာပေး Talk Show ဆွေးနွေးပွဲ ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မင်းလှမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစိန်ကျော်ငွေက ရာသီဥတုပြောင်းလဲခြင်း၏ အကြောင်းအရင်းများ၊ ကမ္ဘာကြီးပူနွေးလာမှုနှင့် ရာသီဥတုပြောင်းလဲမှု၏ အကျိုးဆက်များ၊ ရာသီဥတုပြောင်းလဲလာမှုကြောင့် ထိခိုက်မှုများနှင့် အကျိုးသက်ရောက်မှုများ၊ ရာသီဥတုပြောင်းလဲမှုကို လျှော့ချရန် နည်းလမ်းများအကြောင်းကို အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)