အင်္ဂပူ မေ ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ နှစ်စဉ်ရာသီအလိုက် စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ၂၀၂၃-ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေပေးအပ်ပွဲအခမ်းအနား ပြုလုပ်ခဲ့သည်။
ရှေ့ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးမှ အမှာစကားပြောကြားခဲ့ပြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ မန်နေဂျာ ဦးကျော်စိုးမှ ချေးငွေစည်းကမ်းချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး တောင်သူများအားချေးငွေများ ပေးအပ်ခဲ့သည်။
အင်္ဂပူမြို့နယ်အနေဖြင့် ၂၀၂၃ခုနှစ်မေလနှင့် ဇွန်လတို့အတွက် ကျေးရွာအုပ်စု (၃၅) အုပ်စုရှိ မိုးစပါးစိုက်ဧက (၂၄၀၀၀)ဧကအတွက် စိုက်ပျိုးစရိတ်ချေးငွေ ကျပ်(၃၆၀၀၀)သိန်း ထုတ်ချေးပေးရန် လျာထားဆောင်ရွက်ထားကြောင်းနှင့် နှစ်စဉ် မိုးရာသီစိုက် ပျိုးစရိတ် ချေးငွေများကို တောင်သူများအား မိုးစပါးတစ်ဧကလျှင် ငွေကျပ်တစ်သိန်းခွဲဖြင့် စိုက်ပျိုးချိန်အမှီ မေလ (၁၈)ရက်မှ စတင်ထုတ်ချေးပေးလျက်ရှိပြီး တောင်သူများအား လျာထားချက်နှင့်အညီ စက်တင်ဘာလကုန်အထိ ထုတ်ချေးသွားမည်ဖြစ်ကြောင်း သိရသည်။
မန်းကျော်(ပြန်/ဆက်)