အင်္ဂပူမြို့ မြို့မဈေးတွင် မြန်အောင်ခရိုင် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ ပြည်သူများအား စားသုံးဆီများ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေး

အင်္ဂပူ မေ ၁၉

ဧရာဝတီတိုင်း‌‌ဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့ မြို့မဈေးတွင် ယနေ့နံနက်ပိုင်းက မြန်အောင်ခရိုင် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ ပြည်သူများအား စားသုံးဆီများကို ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချ‌ပေးခဲ့သည်။

အဆိုပါ စားသုံးဆီများရောင်းချပေးနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုး၊ မြို့နယ်စီပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးနေမျိုးအောင်၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဒုခရိုင်မှူး ဦးမြင့်အောင်၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးဘိုဘိုတို့မှ ကြည့်ရှုအားပေးခဲ့သည်။

မြန်အောင်ခရိုင် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ ပြည်သူများအား စားသုံးဆီကို အခြေခံရည်ညွှန်းဈေး ၁-ပိဿာ (၄၇၀၀)ကျပ်နှုန်းဖြင့် လူတစ်ဦးလျင် တစ်ပိဿာနှုန်း ရောင်းချပေးခဲ့ကြောင်း သိရသည်။

မန်းကျော်(ပြန်/ဆက်)