ကြို့ပင်ကောက် မေ ၁၉
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအစည်းအဝေးခန်းမတွင် သန်းခေါင်စာရင်းယူနစ်များရေးဆွဲခြင်းလုပ်ငန်းကို ယနေ့နံနက် ၉ နာရီက စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် သန်းခေါင်စာရင်းယူနစ်များ(Census Units)ရေးဆွဲခြင်းလုပ်ငန်းကို နေပြည်တော်ပြည်သူ့အင်အားဦးစီးဌာနရုံးမှ ဌာနခွဲစာရေးကြီးဦးခီးရယ်နှင့် ကြို့ပင်ကောက်မြို့နယ်ဦးမှူးရုံး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများပူးပေါင်း၍ မေလ ၁၉ ရက်နေ့ ညနေ ၃ နာရီအထိ ဆောင်ရွက်သွားမည်ဖြစ်ရာ သာယာဝတီခရိုင်ဦးစီးမှူးရုံး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ခရိုင်ဦးစီးမှူးဒုတိယညွှန်ကြားရေးမှူးဦးဝင်းမြတ်ထွဋ်က လာရောက်ကြည့်ရှု၍ လိုအပ်ချက်များမရှိစေရေးအတွက် လမ်းညွှန်မှာကြားခဲ့ကြာင်း သိရသည်။
၂၀၂၄ ခုနှစ် လူဦးရေအိမ်အကြာင်းအရာနှင့် သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် ဆောင်ရွက်ရခြင်းဖြစ်ကြာင်း မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရုံး မြို့နယ်ဦးစီးမှူး ဦးစီးအရာရှိဦးဦးခင်မာင်က ပြောသည်။
ဇေယျာထွန်း(ကြို့ပင်ကောက်)