ရွှေတောင် မေ ၁၉
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ၂၀၂၃ ခုနှစ် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများကို တောင်သူများအား ယနေ့နံနက်ပိုင်းက မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ စတင်ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ထုတ်ချေးရာတွင် ရွှေတောင်မြို့နယ်အနေဖြင့် ၂၀၂၃ ခုနှစ် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများကို ထုတ်ချေးရန် တောင်သူ(၉၁၉၁)ဦးဖြစ်ပြီး တစ်ဧကလျှင် ချေးငွေကျပ် ၁၅၀၀၀၀/-နှုန်းဖြင့် လယ်ဧက(၄၈၃၅၅)အတွက် ငွေကျပ်သိန်း(၇၂၅၃၂)ကျပ်လျာထားခြင်းဖြစ်ကြောင်းနှင့် အဆိုပါချေးငွေများကို ၂၀၂၃ ခုနှစ်၊ မေလမှစက်တင်ဘာလကုန်အထိ ထုတ်ချေးသွားမည်ဖြစ်ပြီး ၂၀၂၄ ခုနှစ်၊ ဧပြီလကုန် သတ်မှတ်ရက်အတွင်း နောက်ဆုံးထားပေးဆပ်ရမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မန်နေဂျာဒေါ်သီသီလှိုင်က ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် တောဟိုင်ကျေးရွာမှ တောင်သူ(၅)ဦးအား လယ်ဧက(၂၇)ဧကအတွက် စိုက်ပျိုးစရိတ်ချေးငွေ(၄,၀၅၀,၀၀၀/-)ကျပ် ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်