သာယာဝတီ မေ ၁၉
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် စျေးကွက်အတွင်းရောက်ရှိနေသော တရားမဝင်ဆေးဝါးများဆိုင်ရာ အချက်အလက်မြေစိုက်ပိုစတာစိုက်ထူခြင်းကို သာယာဝတီမြို့မစျေး၊ ဘူတာနှင့် သုံးဆယ်မြို့ ကားဂိတ်များတွင် ယနေ့နံနက် ၈ နာရီက စိုက်ထူခဲ့သည်။
အဆိုပါမြေစိုက်ပိုစတာတွင် အင်္ဂလန်နိုင်ငံရှိ Astra Zeneca Company မှထုတ်လုပ်သော Crestor 10mg အမျိုးအစားဆေးဝါးအား စျေးကွက်အတွင်းတွင် တရားမဝင်ရောင်းချမှုနှင့်ပတ်သက်၍ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ စိစစ်ချက်အပေါ် ဦးဆောင်ကော်မတီအဖွဲ့က "တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအတွက် စစ်ဆေးဆောင်ရွက်လျက်ရှိသည့် စစ်ဆေးရေးစခန်းများသို့ Crestor 10mg Tablet အစစ်/အတု ပုံအပြင် တရားမဝင်ဆေး(၁၇)မျိုးပုံစံများအား Colour ဖြင့် ရှင်းလင်းပြတ်သားစွာပြသထားကြောင်း သိရသည်။
သန့်ဇော် (ပြန်/ဆက်)