ရွှေသောင်ယံမြို့တွင် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်)မျိုးစေ့ပေးအပ်ပွဲနှင့် စုပေါင်းကြဲပက်ပွဲ အခမ်းအနားကျင်းပ

ရွှေသောင်ယံ မေ ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ သဲကုန်းကျေးရွာအုပ်စု၊ အုန်းချောင်းကျေးရွာတွင် ယနေ့နံနက်(၉)နာရီက စိုက်ပျိုးရေးဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ခုနှစ် မိုးစပါးရာသီတွင် မြေဆီလွှာတိုးတက်ဖွံ့ဖြိုးရေးအတွက် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) မျိုးစေ့ပေးအပ်ပွဲနှင့် စုပေါင်းကြဲပက်ပွဲကို တောင်သူဦးဝါးလေး၏ လယ်မြေတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင်ရှေးဦးစွာ ရွှေသောင်ယံမြို့၊ မြို့အုပ်ချုပ်ရေးမှူးနှင့် တက်ရောက်လာကြသော မြို့အဆင့်ဌာနဆိုင်ရာ အကြီးအကဲများက သစ်စိမ်းမြေဩဇာ ပိုက်ဆံလျှော်မျိုးစေ့များကို တောင်သူဦးဝါးလေး၏ ကွင်းအမှတ် (၁၉၉၂)ဦးပိုင်အမှတ် (၃၂)လယ်မြေ (၁၂)ဧကတွင် စုပေါင်းကြဲပက်စိုက်ပျိုးခဲ့ပြီး စိုက်ပျိုးရေးဦးစီးဌာန၊ မြို့ဦးစီးမှူးဦးဇော်မြင့်က ပိုက်ဆံလျှော်မျိုးစေ့ပေးအပ်ရခြင်း ရည်ရွယ်ချက်နှင့် ရရှိနိုင်မည့်အကျိုးကျေးဇူးများကို တောင်သူများသို့ ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မြို့အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက တက်ရောက်လာကြသော တောင်သူများထံသို့ ပိုက်ဆံလျှော်မျိုးစေ့ တစ်ဧကလျှင်(၄)ပြည်နှုန်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ရွှေသောင်ယံ(ပြန်/ဆက်)