ကျွန်းလှ မေ ၁၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် စပါး၊ ပဲမျိုးစုံ၊ ဆီထွက်သီးနှံ၊ စားဖိုဆောင်သီးနှံများ စိုက်ပျိုးထုတ်လုပ်သည့်အပြင် ယခုနှစ် နှစ်ရှည်ပင်မျိုးစုံး ဧက ၂၀၀၀ ကျော် စိုက်ပျိုးထားကြောင်း သိရသည်။
ထို နှစ်ရှည်သီးနှံပင်အဖြစ် လျှော်ဖြူ၊ ပရဆေး၊ နဂါးမောက်၊ သရက်၊ ရှောက်၊ သံပုရာ၊ ထန်း၊ အုန်း၊ ငှက်ပျော၊ ကွမ်းသီး၊ ဆီးသီး၊ မာလကာနှင့် သီးသစ်သီးပင်များအပါဝင် စသည့် အခြားမစားသုံးပင်များ စိုက်ပျိုးကြသည်။
အဆိုပါ နစ်ရှည်ပင်စိုက်တောင်သူများအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက စိုကိပျိုးရေးနည်းစနစ် မှန်ကန်ရေး၊ GAP အသိအမှတ်ပြုလက်မှတ်ရရှိရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကျွန်းလှမြို့နယ်တွင် ၂၀၂၂-၂၂၃ ခုနှစ် နှစ်ရှည်ပင်စိုက်ပျိုးမှုအနေဖြင့် လျှော်ဖြူ ၅၈၄ ဧက၊ အုန်း ၂၃၃ ဧက၊ ငှက်ပျော ၂၀၆ ဧက၊ ကွမ်းရွက် ၅၄ ဧက၊ ကွမ်းသီး ၁၃ ဧက၊ ထန်း ၂၀ ဧက၊ ကြယ်ပဲ ၁ ဧက၊ သစ်သီးပင် ၈၈၁ ဧက၊ အခြားမစားသုံးပင် ၁၄၂ ဧက စုစုပေါင်း ၂၁၃၄ ဧက စိုက်ပျိုးခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မျိုးဝင်းညို (ကျွန်းလှ)