မြောင် မေ ၁၉
စစ်ကိုင်းခရိုင်၊ မြောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် အပူဒဏ်ကာကွယ်ရေးအသိပညာပေး Talk Show ကိုယမန်နေ့ နံနက်(၁၀)နာရီက ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိ ဒေါ်ထက်ထက်လင်းက ပြည်သူအသိပညာပေး Talk Show များOnline မှတဆင့် ရိုက်ကူးထုတ်လွှင့်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက်ဒုတိယဉီးစီးမှူးက နွေရာသီနှင့် ရာသီဉတုပူပြင်းသော အချိန်ကာလများတွင် အပူဒဏ်ကြောင့် ချွေးထွက်လွန်ပြီး မိတ်နှင့်ယားဖုများ ထွက်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ မူးမော်ခြင်း၊ ချွေးခြောက်ပြီး ကိုယ်အပူအရှိန်တက်ခြင်း၊ သတိလစ်ခြင်းတို့အပြင် အသက်အန္တရာယ် စိုးရိမ်ရသောအခြေအနေများ ဖြစ်ပေါ်တတ်၍ အပူဒဏ်ကြောင့် မလိုလားအပ်သော အကျိုးဆက်များ မဖြစ်ပေါ်စေရေးစသည့် အကြောင်းများကို ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရသည်။
မြောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများအသိ ပညာဗဟုသုတရရှိစေရန်အတွက် Talk Show များ၊ စာဖတ်ဝိုင်းများ၊ စာအုပ်ပြပွဲများ၊ စာအုပ် စာစောင်များ ငှားပေးခြင်းနှင့် ကလေးငယ်များ ဉာဏ်ရည်ထက်မြက်စေရေးအတွက် ပုံပြောပြိုင်ပွဲနှင့် ကဗျာရွတ်ပြိုင်ပွဲများ ကျင်းပဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)